ပန်းတောင်း အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဇနီးတို့သည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တိုက်နယ်ဆေးရုံနှင့် ဥသျှစ်ပင်ဈေးတို့သို့ သွားရောက်၍ မြေပြင်အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ထိုသို့ သွားရောက်ရာတွင် ရှေးဦးစွာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ ဝင်ရောက်ကာ ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် လူနာများ၏ အခြေအနေများနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ကြည့်ရှုလေ့လာခဲ့ပါသည်။
ထို့နောက် ဥသျှစ်ပင်ဈေးသို့ ဆက်လက်သွားရောက်ခဲ့ပြီး ဈေးအတွင်း ကုန်ဈေးနှုန်း အခြေအနေများ၊ ဈေးသူ၊ ဈေးသားများနှင့် ဒေသခံပြည်သူများ၏ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို ကြည့်ရှုခဲ့ကာ ဈေးသန့်ရှင်းသပ်ရပ်ရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကြည့်ရှုခဲ့ပါသည်။
















မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။