ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပင်မစာမျက်နှာ
အစည်းအဝေးမှတ်တမ်းများ
ပထမအကြိမ်အစည်းအဝေးမှတ်တမ်းများ
ဒုတိယအကြိမ်အစည်းအဝေးမှတ်တမ်းများ
တတိယအကြိမ်အစည်းအဝေးမှတ်တမ်းများ
ဥပဒေများ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေ
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ
ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ပြဋ္ဌာန်းသော ဥပဒေများ
ပဲခူးတိုင်းဒေသကြီးအတွင်း ကျင့်သုံးသော နည်းဥပဒေများ
ရေးရာကော်မတီများ
ကော်မတီဆိုင်ရာအချက်အလက်များ
အစီရင်ခံစာများ
လွှတ်တော်ကဏ္ဍ
လွှတ်တော်လက်စွဲ
သတင်းလွှာမှတ်တမ်းများ
နေ့စဥ်သတင်းများ
Search for:
Search Button
ပင်မစာမျက်နှာ
အစည်းအဝေးမှတ်တမ်းများ
ပထမအကြိမ်အစည်းအဝေးမှတ်တမ်းများ
ဒုတိယအကြိမ်အစည်းအဝေးမှတ်တမ်းများ
တတိယအကြိမ်အစည်းအဝေးမှတ်တမ်းများ
ဥပဒေများ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေ
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ
ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ပြဋ္ဌာန်းသော ဥပဒေများ
ပဲခူးတိုင်းဒေသကြီးအတွင်း ကျင့်သုံးသော နည်းဥပဒေများ
ရေးရာကော်မတီများ
ကော်မတီဆိုင်ရာအချက်အလက်များ
အစီရင်ခံစာများ
လွှတ်တော်ကဏ္ဍ
လွှတ်တော်လက်စွဲ
သတင်းလွှာမှတ်တမ်းများ
နေ့စဥ်သတင်းများ
Search for:
Search Button
နေ့စဉ်သတင်းများ
ပင်မစာမျက်နှာ /
နေ့စဉ်သတင်းများ
29 Jul, 2026
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးတို့သည် ဇူလိုင် ၂၉ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရေတာရှည်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းမိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရေတာရှည်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးထွန်းကိုကို၊ တောင်ငူခရိုင်မှလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ် ရေတာရှည်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမူခံယူနေသူများ၊ ဝန်ထမ်းများအား ထမင်းဗူး၊အချိုရည်နှင့်ရေသန့်ဗူးများ လှူဒါန်းခဲ့ပြီး ဆေးကုသခံယူနေသူများကိုအ ားပေးစကားပြောကြားကာ ဆေးရုံအဆင့်မြှင့်တင်နိုင်ရေး၊ ဆေးရုံအဆောက်အဦးများကောင်းမွန်စေရေးအတွက် ဆောင်ရွက်နိုင်ရန်လိုအပ်သည်များ မှာကြားခဲ့ပါသည်။
29 Jul, 2026
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးတို့သည် ဇူလိုင်လ ၂၉ ရက် ဝါဆိုလပြည့်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ငူမြို့ မြစည်းခုံစေတီအတွင်းဗုဒ္ဓ ရုပ်ပွားတော်များအားဖူးမြော်၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆရာတော်အရှင်သူမြတ်များအား စေတီတော်ရင်ပြင်ဓမ္မာရုံအတွင်း ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး (၉:၄၅) အချိန်တွင် တောင်ငူဘူတာ၌ ခရီးသည်များ DEMU ရထားခရီးစဥ်လိုက်ပါစီးနင်းနေမှုများ၊ တောင်ငူရုံပိုင်ကြီးနှင့်ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
19 Jul, 2026
၁၉.၇.၂၀၂၆ နေ့ တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦး၊ ပညာရေးနှင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာပွင့်ဆန်း တို့သည် သာယာ၀တီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်၍ ခရိုင်ဆရာ၀န်ကြီး၊ မြို့မိမြို့ဖများ၊ သာယာ၀တီမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးရဲထွဋ် ၊ လက်ပံတန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆန်းဟိုတို့နှင့်အတူ သွားရောက်ခဲ့ပြီး ခရိုင်ဆေးရုံကြီးဧ။် အဆောက်အဦးအခြေအနေများ၊ ၀န်ထမ်းခွဲဝေခန့်ထားလစ်လပ် ဝန်ထမ်းအခြေပြဇယားနှင့် ဆေးကုသမှုအခြေအနေများနှင့် လိုအပ်ချက်များ ဖြည့်စီးပေးနိုင်ရေးတို့အတွက် မေးမြန်းဆွေးနွေးညှိနှိုင်း တွေ့ဆုံခဲ့ပါသည်။
19 Jul, 2026
(၁၉.၇.၂၀၂၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦး သည် ပဲခူးတိုင်းလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးပွင့်ဆန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌဦးမြစိုးတို့နှင့်အတူ လာရောက်၍ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးအုန်းသွင်၊ ပေါင်တည်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးထွန်းမင်းဇော်၊ အင်းမတိုက်နယ်ဆေးရုံဆရာဝန် ဦးကျော်မျိုးနိင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဦးယဥ်ထွေး၊ သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးတင်ဇော်မိုး၊ အင်းမမြို့မိ/မြို့ဖများနှင့်တွေ့ဆုံကာ အင်းမတိုက်နယ်ဆေးရုံသို့သွားရောက်၍ အမျိုးသား/အမျိုးသမီးလူနာဆောင် သားဖွားဆောင် ဓါတ်မှန်ခန်း ပြင်ပလူနာဆောင်များကြည့်ရှု့ပြီး လိုအပ်သည်များမေးမြန်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
14 Jul, 2026
ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် (၁:၀၀) နာရီတွင် ပဲခူးတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာတင်မောင်ထွေးနှင့် ကျောင်းသားကျောင်းသူများ ပဲခူးတိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်လေ့လာခဲ့ရာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။
13 Jul, 2026
ဇူလိုင်လ ၁၃ ရက်နေ့တွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး၏ အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ်အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။
13 Jul, 2026
ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) (၆) ထပ် ဆေးကုသဆောင် ဖွင့်ပွဲအခမ်းအနားအား ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်
13 Jul, 2026
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သာယာဝတီမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးရဲထွဋ်၊ လက်ပံတန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်စိုး၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဈေးမိဈေးဖများနှင့်အတူ သာယာဝတီမြို့ မြို့မဈေးနှင့် သုံးဆယ်ဈေးသို့ သွားရောက်၍ ဈေးအတွင်းလိုအပ်သည်များကို ညှိနှိုင်းအကြံပေးဆောင်ရွက်ခဲ့ပြီးနောက် သုံးဆယ်အားကစားကွင်းသို့ သွားရောက်လေ့လာခဲ့ပါသည်။
13 Jul, 2026
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် သာယာဝတီမြို့၊ ဘူတာရုံသို့ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ ၊ မြို့မိမြို့ဖများနှင့်အတူသွားရောက်လေ့လာခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းအကြံပေး ဆောင်ရွက်ခဲ့ပါသည်။
11 Jul, 2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ်စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် အတွင်း/အပြင်၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်အားပေးကြည့်ရှုခဲ့ပါသည်။
11 Jul, 2026
ဇူလိုင်လ ၁၁ ရက်နေ့တွင် ပဲခူးမြစ်အတွင်း၌ မီသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးေအာင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ သွားရောက်အားပေးကြည့်ရှုခဲ့ပါသည်
10 Jul, 2026
ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်၌ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။
1
2
3
4
ဆက်သွယ်ရန်
လိပ်စာ -
မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။
Email -
info@bagoregionhluttaw.gov.mm