ပန်းတောင်း အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပန်းတောင်းမြို့နယ်သို့ ရောက်ရှိစဉ်အတွင်း မြစ်ရေ/ချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျပျက်စီးနေသည့် နေရာသို့ သွားရောက်၍ မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
ထိုသို့ သွားရောက်ကြည့်ရှုရာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေသည့် အခြေအနေများ၊ ဒေသခံပြည်သူများ၏ နေအိမ်များနှင့် လမ်းပန်းဆက်သွယ်ရေး အန္တရာယ်ရှိ/မရှိ အခြေအနေများကို အနီးကပ်ကြည့်ရှုခဲ့ပါသည်။
ထို့နောက် ကမ်းပါးပြိုကျမှု ပိုမိုမကြီးထွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြေထိန်းနံရံနှင့် ရေကာနံရံများ တည်ဆောက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ရရှိရေး ကူညီဆောင်ရွက်ပေးခဲ့ပါသည်။






မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။