ပန်းတောင်း အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဇနီးတို့သည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပန်းတောင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ ဖိတ်ကြားချက်အရ ပန်းတောင်းမြို့နယ်သို့ သွားရောက်ခဲ့ပြီး ဒေသခံရပ်မိရပ်ဖများ၊ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ သွားရောက်စဉ် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများ ကြုံတွေ့နေရသည့် လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။









မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။