img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌမှ တက်ရောက်
20 Oct, 2026

ရေတာရှည်၊ အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂၀) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် စီးပွားရေးအကြံပေးပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းနောက် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြသည့် ဘောလုံးအသင်းများ၏ ပထမပွဲစဉ် ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။