img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာ ပြိုင်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ တက်ရောက်
14 Oct, 2026

ပြည် အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာ ပြိုင်ပွဲ အခမ်းအနား အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထိုသို့ တက်ရောက်ရာတွင် ပြိုင်ပွဲအတွင်း ခင်းကျင်းပြသထားသည့် ဒေသထွက် မြန်မာ့ရိုးရာ အစားအသောက်များ၊ ပြည်ဒေသထွက် အစားအစာ ပြိုင်ပွဲဝင် နမူနာများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲသည် မြန်မာ့ရိုးရာ အစားအစာများနှင့် ပြည်ဒေသ၏ ဒေသထွက် အစားအသောက် ယဉ်ကျေးမှုများကို ဖော်ထုတ်မြှင့်တင်ရန်နှင့် ရိုးရာအစားအစာ ပြုလုပ်သည့် နည်းပညာများကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။