img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်မှုတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ လိုက်ပါဆောင်ရွက်
14 Oct, 2026

သာယာဝတီ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေး (MSME) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများက သာယာဝတီခရိုင်အတွင်းရှိ စိုက်ပျိုးရေး စိုက်ခင်းများ၊ သီးထပ်စွမ်းအား မြှင့်တင်ရေး လုပ်ငန်းများနှင့် ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများသို့ သွားရောက်၍ စိုက်ပျိုးရေး ထုတ်ကုန်များ အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်စေရေး၊ MSME လုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှု၊ နည်းပညာနှင့် အရင်းအနှီး လိုအပ်ချက်များကို အနီးကပ် ကြည့်ရှုခဲ့ကြပါသည်။

ထို့နောက် ဒေသတွင်း စိုက်ပျိုးရေးနှင့် MSME ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများတွင် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။