img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
နောက်ဆုံးရသတင်းများ
Filter by Date
img
17 Oct, 2026
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

ပဲခူး အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ဥဿာပြည့်စုံခန်းမ၌ အောက်တိုဘာလ ၁၇ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်‌တော်အဖွဲ့၊ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ၊ ​ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဋ္ဌေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦိးခင်ရီမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြရှင်းလင်းခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

img
5 Oct, 2026
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား သို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ သို့တက်ရောက်

ပဲခူး အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ထိုနောက် အခမ်းအနားတွင် ပညာရေးကဏ္ဍ မြှင့်တင်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိသည့် ဆရာ/ဆရာမများ၏ ကျေးဇူးဂုဏ်ကျေးဇူးများကို အထူးတလည် ဂုဏ်ပြုပြောကြားခဲ့ကြပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။

img
1 Oct, 2026
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်

ပဲခူး အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဘိုးဘွားများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သက်ကြီးဘိုးဘွားများ၏ လူမှုအဖွဲ့အစည်းအပေါ် ပါဝင်ဆောင်ရွက်ခဲ့မှုနှင့် ကျေးဇူးတရားများကို ဂုဏ်ပြုပြောကြားခဲ့ကြပြီး တက်ရောက်လာကြသူများက အသက်အရွယ်ကြီးရင့်သူ ဘိုးဘွားများအား ပူဇော်ကန်တော့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း၍ ဂါရဝပြုခဲ့ကြပါသည်။
ထို့နောက် တာဝန်ရှိသူများက ဘိုးဘွားများ၏ ကျန်းမာရေးနှင့် စားသောက်နေထိုင်ရေးဆိုင်ရာ လိုအပ်သည်များကို မေးမြန်းအားပေးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

img
1 Oct, 2026
(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်

ပဲခူး အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေနှင့် ဇနီး၊ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့၏ သမိုင်းဝင် ကြိုးပမ်းဆောင်ရွက်ချက်များ၊ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုများကို ဂုဏ်ပြုပြောကြားခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

img
26 Sep, 2026
ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ တိုင်းဒေသကြီးအဆင့် စတုတ္တအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပဲခူး စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ တိုင်းဒေသကြီးအဆင့် စတုတ္တအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို စက်တင်ဘာလ(၂၆) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု မျှတကောင်းမွန်ရေးနှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် ရည်ရွယ်၍ အလှပင်များနှင့် အရိပ်ရသစ်ပင် ဒေသမျိုးစိတ် အသီးသီးကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက တက်ရောက်လာသူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။

img
30 Sep, 2026
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) အစည်းအဝေးမှတ်တမ်း ကောက်နုတ်ချက်
img
2 Oct, 2026
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (နဝမနေ့) အစည်းအဝေးမှတ်တမ်း ကောက်နုတ်ချက်
img
1 Oct, 2026
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (နဝမနေ့)အခမ်းအနား အစီအစဉ်
img
30 Sep, 2026
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)အခမ်းအနား အစီအစဉ်
သတင်းအားလုံးကြည့်ရန် ...
ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။