ပဲခူး အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ထိုသို့ တက်ရောက်ရာတွင် အခမ်းအနား၌ ပြသထားသည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ အသိပညာပေး ပြခန်းများ၊ ဓာတ်ပုံများနှင့် အဓိက သတင်းအချက်အလက်များကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသည် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေး၊ ပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတ တိုးပွားလာစေရေးနှင့် ကြိုတင်ပြင်ဆင် တုံ့ပြန်ဆောင်ရွက်နိုင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြပါသည်။











မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။