ပြည် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ ကြီးမှူးကျင်းပသော (၄၅) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကျသူများက သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်၊ လှူဒါန်းဖွယ်ရာများနှင့် အလှူငွေများကို ကိုယ်တိုင်ကိုယ်ကျ ကြည်ညိုသဒ္ဓါပွားများစွာဖြင့် ဆက်ကပ်လောင်းလှူခဲ့ကြပါသည်။
အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့်အတူ အလှူရှင်များ၊ ဒေသခံပြည်သူများ စည်းကားသိုက်မြိုက်စွာ ပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။







မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။