img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
မှော်ဇာရှေးဟောင်းဇုန်နှင့် မင်းကုန်းကျေးရွာများသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းကြည့်ရှု
9 Oct, 2026

ပြည် အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်မြို့နယ် သမိုင်းဝင်မှော်ဇာရှေးဟောင်းဇုန်သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ပါသည်။

ထို့နောက် မင်းကုန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး ကျေးရွာအတွင်း လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို မြေပြင်တွင် ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ မင်းကုန်းကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကျေးရွာအတွင်း ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်လျက်ရှိသည့် ကူညီထောက်ပံ့မှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။