img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးတို့သည် ဇူလိုင်လ ၂၉ ရက် ဝါဆိုလပြည့်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ငူမြို့ မြစည်းခုံစေတီအတွင်းဗုဒ္ဓ ရုပ်ပွားတော်များအားဖူးမြော်၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆရာတော်အရှင်သူမြတ်များအား စေတီတော်ရင်ပြင်ဓမ္မာရုံအတွင်း ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး (၉:၄၅) အချိန်တွင် တောင်ငူဘူတာ၌ ခရီးသည်များ DEMU ရထားခရီးစဥ်လိုက်ပါစီးနင်းနေမှုများ၊ တောင်ငူရုံပိုင်ကြီးနှင့်ဝန်ထမ်းများနှင့်​တွေ့ဆုံအားပေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
29 Jul, 2026

Prev Post
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးတို့သည် ဇူလိုင် ၂၉ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရေတာရှည်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းမိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရေတာရှည်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးထွန်းကိုကို၊ တောင်ငူခရိုင်မှလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ် ရေတာရှည်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမူခံယူနေသူများ၊ ဝန်ထမ်းများအား ထမင်းဗူး၊အချိုရည်နှင့်ရေသန့်ဗူးများ လှူဒါန်းခဲ့ပြီး ဆေးကုသခံယူနေသူများကိုအ ားပေးစကားပြောကြားကာ ဆေးရုံအဆင့်မြှင့်တင်နိုင်ရေး၊ ဆေးရုံအဆောက်အဦးများကောင်းမွန်စေရေးအတွက် ဆောင်ရွက်နိုင်ရန်လိုအပ်သည်များ မှာကြားခဲ့ပါသည်။
Next Post
၁၉.၇.၂၀၂၆ ​​နေ့ တွင် ပဲခူးတိုင်း​ဒေသကြီး လွှတ်​တော်ဥက္ကဌ ဦး​အောင်ချိုဦး၊ ပညာ​ရေးနှင့် ကျန်းမာ​ရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဌ ​ဒေါက်တာပွင့်ဆန်း တို့သည် သာယာ၀တီခရိုင်ပြည်သူ့​ဆေးရုံကြီးသို့ လာ​ရောက်၍ ခရိုင်​ဆရာ၀န်ကြီး၊ မြို့မိမြို့ဖများ၊ သာယာ၀တီမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးရဲထွဋ် ၊ လက်ပံတန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦး​ကျော်စိုး၊ မြို့နယ်အ​ထွေ​​ထွေအုပ်ချုပ်​ရေးမှူး ဦးဆန်းဟိုတို့နှင့်အတူ သွား​ရောက်ခဲ့ပြီး ခရိုင်​ဆေးရုံကြီးဧ။် အ​ဆောက်အဦးအ​ခြေအ​နေများ၊ ၀န်ထမ်း​ခွဲ​​ဝေခန့်ထားလစ်လပ် ဝန်ထမ်းအ​ခြေပြဇယားနှင့် ​ဆေးကုသမှုအ​ခြေအ​နေများနှင့် လိုအပ်ချက်များ ဖြည့်စီး​ပေးနိုင်​ရေးတို့အတွက် မေးမြန်း​ဆွေး​နွေးညှိနှိုင်း တွေ့ဆုံခဲ့ပါသည်။
ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။