ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးတို့သည် ဇူလိုင် ၂၉ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရေတာရှည်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းမိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရေတာရှည်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးထွန်းကိုကို၊ တောင်ငူခရိုင်မှလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ် ရေတာရှည်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမူခံယူနေသူများ၊ ဝန်ထမ်းများအား ထမင်းဗူး၊အချိုရည်နှင့်ရေသန့်ဗူးများ လှူဒါန်းခဲ့ပြီး ဆေးကုသခံယူနေသူများကိုအ ားပေးစကားပြောကြားကာ ဆေးရုံအဆင့်မြှင့်တင်နိုင်ရေး၊ ဆေးရုံအဆောက်အဦးများကောင်းမွန်စေရေးအတွက် ဆောင်ရွက်နိုင်ရန်လိုအပ်သည်များ မှာကြားခဲ့ပါသည်။