img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်
1 Oct, 2026

ပဲခူး အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေနှင့် ဇနီး၊ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့၏ သမိုင်းဝင် ကြိုးပမ်းဆောင်ရွက်ချက်များ၊ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုများကို ဂုဏ်ပြုပြောကြားခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။