img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပဲခူးတိုင်း​ဒေသကြီး လွှတ်​တော်ဥက္ကဌ ဦး​အောင်ချိုဦး၊ ပညာ​ရေးနှင့် ကျန်းမာ​ရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဌ ​ဒေါက်တာပွင့်ဆန်း တို့မှ သာယာ၀တီခရိုင်ပြည်သူ့​ဆေးရုံကြီးသို့ သွားရောက်
19 Jul, 2026

၁၉.၇.၂၀၂၆ ​​နေ့ တွင် ပဲခူးတိုင်း​ဒေသကြီး လွှတ်​တော်ဥက္ကဌ ဦး​အောင်ချိုဦး၊ ပညာ​ရေးနှင့် ကျန်းမာ​ရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဌ ​ဒေါက်တာပွင့်ဆန်း တို့သည် သာယာ၀တီခရိုင်ပြည်သူ့​ဆေးရုံကြီးသို့ လာ​ရောက်၍ ခရိုင်​ဆရာ၀န်ကြီး၊ မြို့မိမြို့ဖများ၊ သာယာ၀တီမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးရဲထွဋ် ၊ လက်ပံတန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦး​ကျော်စိုး၊ မြို့နယ်အ​ထွေ​​ထွေအုပ်ချုပ်​ရေးမှူး ဦးဆန်းဟိုတို့နှင့်အတူ သွား​ရောက်ခဲ့ပြီး ခရိုင်​ဆေးရုံကြီးဧ။် အ​ဆောက်အဦးအ​ခြေအ​နေများ၊ ၀န်ထမ်း​ခွဲ​​ဝေခန့်ထားလစ်လပ် ဝန်ထမ်းအ​ခြေပြဇယားနှင့် ​ဆေးကုသမှုအ​ခြေအ​နေများနှင့် လိုအပ်ချက်များ ဖြည့်စီး​ပေးနိုင်​ရေးတို့အတွက် မေးမြန်း​ဆွေး​နွေးညှိနှိုင်း တွေ့ဆုံခဲ့ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။