ပဲခူး အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ဥဿာပြည့်စုံခန်းမ၌ အောက်တိုဘာလ ၁၇ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့၊ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဋ္ဌေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦိးခင်ရီမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြရှင်းလင်းခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။















မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။