img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ တိုင်းဒေသကြီးအဆင့် စတုတ္တအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
26 Sep, 2026

ပဲခူး စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ တိုင်းဒေသကြီးအဆင့် စတုတ္တအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို စက်တင်ဘာလ(၂၆) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု မျှတကောင်းမွန်ရေးနှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် ရည်ရွယ်၍ အလှပင်များနှင့် အရိပ်ရသစ်ပင် ဒေသမျိုးစိတ် အသီးသီးကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက တက်ရောက်လာသူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။