img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦး သည် ပဲခူးတိုင်းလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးပွင့်ဆန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌဦးမြစိုးတို့နှင့်အတူ သဲကုန်းမြို့နယ်သို့ သွားရောက်
19 Jul, 2026

(၁၉.၇.၂၀၂၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦး သည် ပဲခူးတိုင်းလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးပွင့်ဆန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌဦးမြစိုးတို့နှင့်အတူ လာရောက်၍ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးအုန်းသွင်၊ ပေါင်တည်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးထွန်းမင်းဇော်၊ အင်းမတိုက်နယ်ဆေးရုံဆရာဝန် ဦးကျော်မျိုးနိင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်​ရေးမှုး ဦးယဥ်ထွေး၊ သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးတင်ဇော်မိုး၊ အင်းမမြို့မိ/မြို့ဖများနှင့်တွေ့ဆုံကာ အင်းမတိုက်နယ်ဆေးရုံသို့သွားရောက်၍ အမျိုးသား/အမျိုးသမီးလူနာဆောင် သားဖွားဆောင် ဓါတ်မှန်ခန်း ပြင်​ပလူနာဆောင်များကြည့်ရှု့ပြီး လိုအပ်သည်များမေးမြန်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။