ပြည် အောက်တိုဘာလ ၉
ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်မြို့သို့ ရောက်ရှိစဉ်အတွင်း ရတနာမာန်အောင်ရပ်ကွက်၊ ရွှေတံခါးရပ်ကွက်နှင့် မြကန်သာရပ်ကွက်များအတွင်းရှိ ဒေသန္တရလမ်းပန်းဆက်သွယ် ရေး အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစဉ် ရပ်ကွက်များအတွင်း သွားလာရေး အဆင်ပြေချောမွေ့စေရေး၊ လမ်းများကောင်းမွန်ခိုင်မာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်ရှိနေသည့် လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ ရပ်ကွက်များအလိုက် လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ထို့နောက် ရပ်ကွက်ပြည်သူများ၏ ကိုယ်စား ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအပေါ် အမြန်ဆုံးနှင့် အကောင်းဆုံး ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။


















မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။