ပြည် အောက်တိုဘာလ ၉
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်မြို့ရှိ သမိုင်းဝင် တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လိုအပ်သည့် ပြုပြင်မွမ်းမံမှုများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ သွားရောက်ရာတွင် ရှေးဦးစွာ တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားမြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်လှူဒါန်းခဲ့ပါသည်။
ထို့နောက် စေတီတော်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့စေရေး၊ လိုအပ်လျက်ရှိသည့် ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများတွင် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ဂေါပကအဖွဲ့များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။







မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။