ပြည် အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်မြို့သို့ ရောက်ရှိစဉ်အတွင်း ဒေသခံများသောက်သုံးရေ လုံလောက်စွာ ရရှိရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးတို့အတွက် သောက်သုံးရေသန့်စက် တပ်ဆင်နိုင်ရန် အလှူငွေကူညီထောက်ပံ့ လှူဒါန်းခဲ့ပါသည်။
ထိုသို့ သွားရောက်စဉ် ဒေသခံ မိတ်ဆွေများ၊ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ဒေသတွင်း သောက်သုံးရေ အခက်အခဲ မရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေသန့်များ ပုံမှန်သုံးစွဲနိုင်ရေးအတွက် ရေရရှိရေး လုပ်ငန်းများနှင့် သောက်သုံးရေသန့်စက် တပ်ဆင်ပေးနိုင်မည့် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် သန့်ရှင်းသော သောက်သုံးရေသန့်စက် စနစ်တကျ တပ်ဆင်လှူဒါန်းနိုင်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ပေးအပ်လှူဒါန်းခဲ့ပြီး ဒေသခံပြည်သူများ ရေရှည် အဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။




မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။