img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပြည်မြို့ရှိ ရပ်ကွက်များအတွင်း ဒေသလိုအပ်ချက်များ မြေပြင်ကွင်းဆင်းပြီး စာသင်ကျောင်းများ၏ သင်ကြားရေးနှင့် ကျောင်းပတ်ဝန်းကျင် အခြေအနေများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ လေ့လာကြည့်ရှု
9 Oct, 2026

ပြည် အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ပြည်မြို့ရှိ ဒေသခံပြည်သူများ၏ ရပ်ကွက်များအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လိုအပ်ချက်များ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရောက်ရှိသည့် ရပ်ကွက်များအလိုက် စာသင်ကျောင်းများသို့ ဝင်ရောက်လေ့လာခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားရေးဆိုင်ရာ အခြေအနေများ၊ ကျောင်းသားများ၏ ကျန်းမာရေးနှင့် ညီညွတ်သည့် မုန့်ဈေးတန်းများ ရောင်းချမှု ရှိ/မရှိနှင့် ကျောင်းသုံး အိမ်သာများ၏ သန့်ရှင်းသပ်ရပ်မှု အခြေအနေများအထိ အသေးစိတ် လှည့်လည်ကြည့်ရှု လေ့လာခဲ့ပါသည်။

ထို့ပြင် ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များကို မြေပြင်တွင် အနီးကပ် လေ့လာဆန်းစစ်ခဲ့ပြီး ကလေးငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းကျန်းမာရေးတို့အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။