img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
banner
နေ့စဉ်သတင်းများ
ပင်မစာမျက်နှာ /
နေ့စဉ်သတင်းများ
img
19 Jul, 2026
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦး သည် ပဲခူးတိုင်းလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးပွင့်ဆန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌဦးမြစိုးတို့နှင့်အတူ သဲကုန်းမြို့နယ်သို့ သွားရောက်

(၁၉.၇.၂၀၂၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦး သည် ပဲခူးတိုင်းလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးပွင့်ဆန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌဦးမြစိုးတို့နှင့်အတူ လာရောက်၍ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးအုန်းသွင်၊ ပေါင်တည်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးထွန်းမင်းဇော်၊ အင်းမတိုက်နယ်ဆေးရုံဆရာဝန် ဦးကျော်မျိုးနိင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်​ရေးမှုး ဦးယဥ်ထွေး၊ သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးတင်ဇော်မိုး၊ အင်းမမြို့မိ/မြို့ဖများနှင့်တွေ့ဆုံကာ အင်းမတိုက်နယ်ဆေးရုံသို့သွားရောက်၍ အမျိုးသား/အမျိုးသမီးလူနာဆောင် သားဖွားဆောင် ဓါတ်မှန်ခန်း ပြင်​ပလူနာဆောင်များကြည့်ရှု့ပြီး လိုအပ်သည်များမေးမြန်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

img
14 Jul, 2026
ပဲခူးတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာတင်မောင်ထွေးနှင့် ကျောင်းသားကျောင်းသူများ ပဲခူးတိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်လေ့လာ

ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် (၁:၀၀) နာရီတွင် ပဲခူးတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာတင်မောင်ထွေးနှင့် ကျောင်းသားကျောင်းသူများ ပဲခူးတိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်လေ့လာခဲ့ရာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။

img
13 Jul, 2026
ပဲခူးတိုင်းဒေသကြီး၏ အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ်အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်

ဇူလိုင်လ ၁၃ ရက်နေ့တွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး၏ အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ်အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။

img
13 Jul, 2026
ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) (၆) ထပ် ဆေးကုသဆောင် ဖွင့်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ တက်ရောက်ဖွင့်လှစ်ခဲ့

ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) (၆) ထပ် ဆေးကုသဆောင် ဖွင့်ပွဲအခမ်းအနားအား ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်

img
13 Jul, 2026
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည်သာယာဝတီမြို့နယ် သွားရောက်လေ့လာခဲ့

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သာယာဝတီမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးရဲထွဋ်၊ လက်ပံတန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်စိုး၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဈေးမိဈေးဖများနှင့်အတူ သာယာဝတီမြို့ မြို့မဈေးနှင့် သုံးဆယ်ဈေးသို့ သွားရောက်၍ ဈေးအတွင်းလိုအပ်သည်များကို ညှိနှိုင်းအကြံပေးဆောင်ရွက်ခဲ့ပြီးနောက် သုံးဆယ်အားကစားကွင်းသို့ သွားရောက်လေ့လာခဲ့ပါသည်။

img
13 Jul, 2026
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် သာယာဝတီမြို့၊ ဘူတာရုံသို့ သွားရောက်ခဲ့
img
11 Jul, 2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် သွားရောက်အားပေးကြည့်ရှုခဲ့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ်စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် အတွင်း/အပြင်၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်အားပေးကြည့်ရှုခဲ့ပါသည်။

img
11 Jul, 2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦး‌အောင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ပဲခူးမြစ်အတွင်း လေ့ကျင့်နေမှုများအားသွားရောက်အားပေးကြည့်ရှုခဲ့

ဇူလိုင်လ ၁၁ ရက်နေ့တွင် ပဲခူးမြစ်အတွင်း၌ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦး‌ေအာင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ သွားရောက်အားပေးကြည့်ရှုခဲ့ပါသည်။

img
10 Jul, 2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနား အခမ်းအနားသို့တက်ရောက်ခဲ့

ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်၌ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။

img
11 Jul, 2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦးနှင့် ဒုဥက္ကဌဦးကျော်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် သနပ်ပင်မြို့နယ် ဖရဲကျေးရွာ၌ ကျင်းပပြုလုပ်သော အင်ဂျင်စွမ်းအားသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားတက်ရောက်ခဲ့

သနပ်ပင်မြို့နယ် ဖရဲကျေးရွာ၌ ကျင်းပပြုလုပ်သော အင်ဂျင်စွမ်းအားသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦးနှင့် ဒုဥက္ကဌဦးကျော်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သနပ်ပင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးတင်မျိုးဝင်း၊ ခရိုင် မြို့နယ်အဆင့်အကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး မျိုးစေ့ချသရုပ်ပြခြင်း၊ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းများအား ကြည့်ရှု့အားပေးခဲ့ကြပါသည်။

img
2 Jul, 2026
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်အတွင်း လိုက်ပါ၍ လေ့လာအားပေးခဲ့

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ဇူလိုင်လ ၂ ရက်နေ့တွင် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်အတွင်း လိုက်ပါ၍ လေ့လာအားပေးဆောင်ရွက်ခဲ့ပါသည်။

img
26 Jun, 2026
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တက်ရောက်
ပဲခူး ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ဇွန်လ ၂၆ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။