ပြည် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် သွားရောက် လေ့လာကြည့်ရှု ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပြည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး စိုက်ခင်းများ၊ ဒေသထွက် အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများသို့ သွားရောက်၍ ဒေသတွင်း စိုက်ပျိုးရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ MSMEs လုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာ လိုအပ်ချက်များ၊ ဈေးကွက်ရရှိရေးနှင့် နည်းပညာ၊ အရင်းအနှီး လိုအပ်ချက်များကို အနီးကပ် ကြည့်ရှုခဲ့ပါသည်။
ထို့နောက် ဒေသတွင်း စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများတွင် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။















မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။