img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပြည်မြို့၊ ရွာဘဲ အခြေခံပညာမူလွန်ကျောင်းသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသွားရောက်၍ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ ကျောင်းလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး
9 Oct, 2026

ပြည် အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီးလွှတ်တာ်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ အခြေခံပညာမူလွန်ကျောင်းသို့ သွားရောက်ခဲ့ပြီး ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စာသင်ကျောင်းအတွင်း လိုအပ်လျက်ရှိသည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထိုသို့ သွားရောက်စဉ် ရွာဘဲအခြေခံပညာမူလွန်ကျောင်း၏ ကျောင်းပတ်ဝန်းကျင် အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်နှင့် သင်ထောက်ကူပစ္စည်း လိုအပ်ချက်များကို အနီးကပ် လှည့်လည်ကြည့်ရှု လေ့လာခဲ့ပါသည်။

ထို့နောက် ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စာသင်ကျောင်း စေတနာ့ဝန်ထမ်း ထောက်ပံ့ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။