img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပြည်မြို့ ရွာဘဲနယ်မြေတွင် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကွင်းဆင်းကြည့်ရှု
9 Oct, 2026

ပြည်၊ အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်မြို့၊ ရွာဘဲနယ်မြေရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ရပ်ကွက်အချို့၏ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် သွားရောက်ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ရပ်ကွက်အတွင်း ရေနုတ်မြောင်းများ စနစ်တကျ ရှိစေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အဓိကထား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည့် ကူညီမှုများကို အမြန်ဆုံး ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။