ပြည် အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ရပ်ကွက်အတွင်း လိုအပ်လျက်ရှိသည်များကို လိုက်လံကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ ပုထိုးကြီးရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ လျှပ်စစ်မီးတိုင်များ အန္တရာယ်ကင်းရှင်းရေးနှင့် အခြားလိုအပ်သည်များကို အမြန်ဆုံး ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ပြီး ဒေသခံများ၏ တင်ပြချက်များကို သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။





မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။