img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပြည်မြို့ တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားကြီး လက်တော် အစိတ်အပိုင်းအချို့ ပြုပြင်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
8 Oct, 2026

ပြည် အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားကြီး၏ လက်တော် အစိတ်အပိုင်းအချို့အား ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းတိုင်ပင်ခဲ့ပါသည်။

ဆက်လက်၍ ဘုရားကြီး၏ လက်တော် ရေရှည်ခိုင်ခံ့ စေရန်အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများနှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးခဲ့ကြပြီး လိုအပ်သည့် ပြုပြင်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။