၁၉.၇.၂၀၂၆ နေ့ တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦး၊ ပညာရေးနှင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာပွင့်ဆန်း တို့သည် သာယာ၀တီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်၍ ခရိုင်ဆရာ၀န်ကြီး၊ မြို့မိမြို့ဖများ၊ သာယာ၀တီမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးရဲထွဋ် ၊ လက်ပံတန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆန်းဟိုတို့နှင့်အတူ သွားရောက်ခဲ့ပြီး ခရိုင်ဆေးရုံကြီးဧ။် အဆောက်အဦးအခြေအနေများ၊ ၀န်ထမ်းခွဲဝေခန့်ထားလစ်လပ် ဝန်ထမ်းအခြေပြဇယားနှင့် ဆေးကုသမှုအခြေအနေများနှင့် လိုအပ်ချက်များ ဖြည့်စီးပေးနိုင်ရေးတို့အတွက် မေးမြန်းဆွေးနွေးညှိနှိုင်း တွေ့ဆုံခဲ့ပါသည်။