ပဲခူး၊ အောက်တိုဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် တာဝန်ရှိသူများက ဆုရရှိသွားကြသည့် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်အားပေးခဲ့ကြပါသည်။











မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။