img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပဲခူးမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု မီးထွန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်
25 Oct, 2026

ပဲခူး၊ အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မီးထွန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မီးထွန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ အမြောက်အမြား တက်ရောက်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီး၌ ရောင်စုံမီးဆိုင်းများ၊ ဆီမီးများ ထွန်းညှိ၍ မီးထွန်းပွဲတော်အား ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ပွဲတော်ကာလအတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနှင့်အညီ အများပြည်သူ အေးချမ်းသာယာစွာ ပါဝင်ဆင်နွှဲနိုင်ရေး၊ သီတင်းကျွတ် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနိုင်ရေးတို့အတွက် တာဝန်ရှိသူများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။