သနပ်ပင်မြို့နယ် ဖရဲကျေးရွာ၌ ကျင်းပပြုလုပ်သော အင်ဂျင်စွမ်းအားသုံးလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦးနှင့် ဒုဥက္ကဌဦးကျော်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သနပ်ပင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးတင်မျိုးဝင်း၊ ခရိုင် မြို့နယ်အဆင့်အကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး မျိုးစေ့ချသရုပ်ပြခြင်း၊ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းများအား ကြည့်ရှု့အားပေးခဲ့ကြပါသည်။