img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပြည်မြို့ မြတ်စွယ်တော် ယာယီအပူဇော်ခံမဏ္ဍပ်၌ ယိမ်းအကအဖွဲ့များ ကပြဖျော်ဖြေမှုအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ကြည့်ရှုအားပေး
20 Nov, 2026

ပြည်၊ နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ မြတ်စွယ်တော် ယာယီအပူဇော်ခံမဏ္ဍပ်၌ ဆင်စုဆင်ယိမ်းအဖွဲ့၊ ခေတ္တရာမြို့သစ် ယိမ်းအဖွဲ့နှင့် အိန္ဒိယယိမ်းအဖွဲ့တို့၏ ကပြဖျော်ဖြေတင်ဆက်မှု အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲတွင် ယိမ်းအကအဖွဲ့များက မြတ်စွယ်တော်မြတ်အား ရည်မှန်းပူဇော်သောအားဖြင့် ယဉ်ကျေးမှုအနုပညာ အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြရာ တာဝန်ရှိသူများ၊ ဘုရားဖူးလာ မိဘပြည်သူများက စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။