ပဲခူး နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ရုပ်ပွားတော်မြတ်များနှင့် စေတီတော်များအား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ အထက်ပစ္စယံရှိ ဘုရားများအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်း ပူဇော်ကုသိုလ်ယူခဲ့ပြီး စေတီတော်မြတ်ကြီး၏ ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းကြောင်းနှင့် မြန်မာ့ရှေးဟောင်းဗိသုကာလက်ရာ အနုပညာစံနှုန်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ပါသည်။




မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။