တောင်ငူ နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ကျင်းပပြုလုပ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီကြွချီလှည့်လည်အပူဇော်ခံပွဲ အောင်ပွဲအခမ်းအနားသို့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပွဲတော်ကျင်းပရေးကော်မတီဝင်များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညို ကုသိုလ်ယူခဲ့ကြပြီး နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညို၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်း ပူဇော်ကုသိုလ်ယူခဲ့ကြပါသည်။





မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။