ပြည် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ ကျင်းပပြုလုပ်သည့် (၁၂၇) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ အခမ်းအနားသို့ ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗုဒ္ဓမြတ်စွယ်တော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်း ပူဇော်ကုသိုလ်ယူခဲ့ကြပါသည်။
ထိုနောက် ညပိုင်းဖျော်ဖြေရေးအစီအစဉ်တွင် တရုတ်အမျိုးသားယိမ်းအဖွဲ့နှင့် Sonic Entertainment ယိမ်းအဖွဲ့တို့၏ ကပြဖျော်ဖြေတင်ဆက်မှုများကို တာဝန်ရှိသူများရှိသူများသည် ဒေသခံပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြပါသည်။

















မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။