img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပြည်မြို့၌ ဆွေမျိုးမိတ်သင်္ဂဟများ၏ စုပေါင်းမဟာဘုံကထိန်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တက်ရောက်
15 Nov, 2026

ပြည်၊ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ဆွေမျိုးမိတ်သင်္ဂဟများ စုပေါင်းကျင်းပသည့် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ အခမ်းအနားသို့ တက်ရောက်၍ ကုသိုလ်ဒါန ပါဝင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတွင် ဆွေမျိုးများနှင့် မိတ်ဆွေအပေါင်းအသင်းများ စုံညီစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခြင်း၊ အနုမောဒနာတရား နာကြားခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းများကို အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ခဲ့ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။