ပြည်၊ နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၅)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် အဆိုပါ ရွှေဆံတော်စေတီတော်ရင်ပြင်တော်၌စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ထိုနောက် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တို့သည် (၂၆၁၅)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းပြီး ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရပ်နီးရပ်ဝေးမှ ကြွရောက်လာကြကုန်သော ဘုရားဖူးပြည်သူများ၊ စေတနာရှင်အလှူရှင်များနှင့်အတူ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါသည်။








မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။