ပြည် အောက်တိုဘာလ ၉
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်မြို့၊ ရွှေလက်လှရပ်ကွက်နှင့် နဝင်းကွက်သစ်တို့ရှိ ပြည်သူများ၏ ဖိတ်ကြားချက်အရ သွားရောက်တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် သွားရောက်ကြည့်ရှု ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ သွားရောက်စဉ် ရွှေလက်လှရပ်ကွက်နှင့် နဝင်းကွက်သစ်အတွင်းရှိ မိတ်ဆွေများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ရပ်ကွက်အတွင်း ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ရပ်ကွက်များအတွင်း ကူညီထောက်ပံ့ပေးနိုင်မည့် အခြေအနေများကို မြေပြင်တွင် အနီးကပ် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။









မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။