ပြည် အောက်တိုဘာလ ၈
ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌဦးအောင်ချိုဦးသည် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်မြို့ ရပ်ကွက်များအတွင်း ပြည်သူများ၏ လျှပ်စစ်မီး၊ သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ရေမြောင်းစနစ်ဆိုင်ရာ အခက်အခဲများကို သွားရောက်လေ့လာဆွေးနွေးခဲ့ပြီး ကျရောက်လာမည့် အယ်နီညိုရာသီဥတုအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် ကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန် အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်များအလိုက် လျှပ်စစ်မီး ပုံမှန်ရရှိရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ လမ်းများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် ရေနုတ်မြောင်းများ လေလွင့်ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို အနီးကပ် ကြည့်ရှုခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ အနာဂတ်တွင် ရင်ဆိုင်ရမည့် အယ်နီညိုရာသီဥတု သက်ရောက်မှုများကြောင့် ရေရှားပါးမှုနှင့် ပူပြင်းမှု ပြဿနာများ မကြုံတွေ့ရစေရေးအတွက် သောက်သုံးရေ ရရှိရေး ကြိုတင်ပြင်ဆင်မှုများ၊ စနစ်တကျ ရေသိုလှောင်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ကြရန် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။







မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။