img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား သို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ သို့တက်ရောက်
5 Oct, 2026

ပဲခူး အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ထိုနောက် အခမ်းအနားတွင် ပညာရေးကဏ္ဍ မြှင့်တင်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိသည့် ဆရာ/ဆရာမများ၏ ကျေးဇူးဂုဏ်ကျေးဇူးများကို အထူးတလည် ဂုဏ်ပြုပြောကြားခဲ့ကြပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။