ပဲခူး အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဘိုးဘွားများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သက်ကြီးဘိုးဘွားများ၏ လူမှုအဖွဲ့အစည်းအပေါ် ပါဝင်ဆောင်ရွက်ခဲ့မှုနှင့် ကျေးဇူးတရားများကို ဂုဏ်ပြုပြောကြားခဲ့ကြပြီး တက်ရောက်လာကြသူများက အသက်အရွယ်ကြီးရင့်သူ ဘိုးဘွားများအား ပူဇော်ကန်တော့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း၍ ဂါရဝပြုခဲ့ကြပါသည်။
ထို့နောက် တာဝန်ရှိသူများက ဘိုးဘွားများ၏ ကျန်းမာရေးနှင့် စားသောက်နေထိုင်ရေးဆိုင်ရာ လိုအပ်သည်များကို မေးမြန်းအားပေးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။



မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။