img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
နတ်တလင်းမြို့နယ် သကျမဟာမြတ်မုနိဘုရားကြီး စွယ်တော်လှည့်လည်အပူဇော်ခံပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်သို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တက်ရောက်ဖူးမြော်ကြည်ညို
22 Nov, 2026

နတ်တလင်း နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သကျမဟာမြတ်မုနိဘုရားကြီး စွယ်တော်လှည့်လည်အပူဇော်ခံပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများနှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စွယ်တော်လှည့်လည်အပူဇော်ခံပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားသို့ ကြည်ညိုသဒ္ဓါပွားများစွာ တက်ရောက်ကုသိုလ်ယူခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။