ပြည် နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၂၇) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အား မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများနှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်မြတ်အား ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မှ စတင်ပင့်ဆောင်၍ ပြည်မြို့တွင်းရှိ အဓိကလမ်းမကြီးများတစ်လျှောက် ဝတ်အသင်းအဖွဲ့များ၊ ယိမ်းအကအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံပွဲသို့ ကြည်ညိုသဒ္ဓါပွားများစွာ တက်ရောက်ကုသိုလ်ယူခဲ့ကြပါသည်။









မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။