ပဲခူး၊ အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော် အခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မီးမျှောပူဇော်ပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများနှင့်အညီ မြို့နယ်အတွင်း အေးချမ်းသာယာရေးနှင့် သာသနာတော် ထွန်းလင်းတောက်ပစေရေးတို့အတွက် ဆီမီးများ၊ မီးဖောင်များ ထွန်းညှိ၍ စုပေါင်းမီးမျှော ပူဇော်ခဲ့ကြပါသည်။
ပွဲတော်ကာလအတွင်း လာရောက်ပါဝင်ကြသည့် ပြည်သူများဖြင့် အထူးစည်ကားများပြားခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းသောအားဖြင့် သီတင်းကျွတ် မီးမျှောပူဇော်ပွဲကို အစဉ်အလာမပျက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြပါသည်။





မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။