img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
မိုးယွန်းကြီးအင်း (ဘေးမဲ့တော) အတွင်း သဘာဝတိုင်းရင်းငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနား သို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတက်ရောက်
24 Oct, 2026

ပဲခူး၊ အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီးအတွင်း ငါးသယံဇာတ တိုးပွားလာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိန်းသိမ်းနိုင်ရေးအတွက် မိုးယွန်းကြီးအင်း ဘေးမဲ့တောအတွင်း သဘာဝတိုင်းရင်းငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် မိုးယွန်းကြီးအင်း ဘေးမဲ့တော၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူမျာ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက မိုးယွန်းကြီးအင်းအတွင်း သဘာဝတိုင်းရင်းငါးမျိုး မျိုးစိတ်များ ရေရှည်တည်တံ့စေရေး၊ ငါးသယံဇာတ တိုးပွားရေးနှင့် ရေဝပ်ဒေသ ဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြပြီး မိုးယွန်းကြီးအင်း ရေပြင်အတွင်းသို့ သဘာဝတိုင်းရင်းငါးမျိုး ကောင်ရေမြောက်မြားစွာကို အတူတကွ စုပေါင်းစိုက်ထည့် ပေးခဲ့ကြပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။