ပြည်၊ နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာ ၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိစေရေးနှင့် ကန်တော်ကြီးရေပေးဝေရေးစနစ် ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများအား တာဝန်ရှိသူများက ကျောက်ကြီးစုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရေပေးဝေသည့် နေရာများသို့ သွားရောက်၍ ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရပ်ကွက်အတွင်း ရေဖြန့်ဝေပေးနေသည့် စနစ်များ မှန်ကန်ကောင်းမွန်မှု ရှိ/မရှိ၊ ပြည်သူများ သောက်သုံးရေ သန့်ရှင်းစွာ ရရှိရေးနှင့် အဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် ရေပိုက်လိုင်းများ ကြံ့ခိုင်မှု၊ ရေလာရောက်သည့် အချိန်ဇယားနှင့် ရေဖိအား အခြေအနေများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်နေ ပြည်သူများ၏ ရေအသုံးပြုမှု အဆင်ပြေစော ရရှိရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြပါသည်။





မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။