img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပြည်မြို့၌ မြို့နယ်အားကစားကွင်းအတွင်း ပြင်ဆင်ထိန်းသိမ်းနေမှုနှင့် မြို့ပေါ်ရပ်ကွက်များသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ကွင်းဆင်း၍ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြည်မြို့၌ မြို့နယ်အားကစားကွင်းအတွင်း ပြင်ဆင်ထိန်းသိမ်းနေမှုနှင့် မြို့ပေါ်ရပ်ကွက်များသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ကွင်းဆင်း၍ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ
28 Oct, 2026

ပြည်၊ အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ ရောက်ရှိစဉ်အတွင်း မြို့နယ်အားကစားကွင်းနှင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ သွားရောက်ရာတွင် ပြည်မြို့နယ် အားကစားကွင်းသို့ သွားရောက်ခဲ့ပြီး နာမည်ကျော် လက်ရွေးစင် အားကစားသမားကြီးများနှင့် တွေ့ဆုံ၍ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အားကစားကွင်းအတွင်း ပွဲကြည့်စင် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ပြည်မြို့ပေါ် ရပ်ကွက်အချို့သို့ သွားရောက်ကာ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ကွက်အတွင်း လိုအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် အထွေထွေ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှု ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။