img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပြည်မြို့၌ ၃ နှစ်လျှင် တစ်ကြိမ် ကျင်းပသည့် မြတ်စွယ်တော် မြို့တွင်းလှည့်လည်ပူဇော်ပွဲအတွက် ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များ တိုက်လေ့ကျင့်နေမှုအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ သွားရောက်ကြည့်ရှုအားပေး
28 Oct, 2026

ပြည်၊ အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဇနီးတို့သည် အောက်တိုဘာလ ၂၈ ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်မြို့၌ ၃ နှစ်လျှင် တစ်ကြိမ် ကျင်းပမြဲဖြစ်သော မြတ်စွယ်တော် မြို့တွင်းလှည့်လည်ပူဇော်ပွဲကြီးတွင် ပါဝင်ဆင်နွှဲကြမည့် ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များ၏ တိုက်လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထိုနောက် ယခုနှစ်တွင် ကျရောက်သည့် ၃ နှစ်တစ်ကြိမ် မြတ်စွယ်တော် မြို့တွင်းလှည့်လည်ပူဇော်ပွဲကြီး ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကအလှများ ထိန်းသိမ်းနိုင်ရေးအတွက် မြတ်စွယ်တော် လှည့်လည်ပူဇော်ပွဲတွင် မပါမဖြစ်ပါဝင်ကြမည့် ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၏ ယိမ်းအကအလှ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ထို့ပြင် ယိမ်းအကအဖွဲ့များ အဆင်ပြေစွာ လေ့ကျင့်ကပြနိုင်ရေးနှင့် ပွဲတော်အတွင်း စနစ်တကျ ပါဝင်ယှဉ်ပြိုင် ပူဇော်နိုင်ရေးအတွက် လိုအပ်သည့် ဂုဏ်ပြုအလှူငွေများကိုလည်း ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ပါသည်။

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။