ပဲခူး၊ အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးမြို့ရှိ မဟာသီဝလိသိမ်တော်ကြီး၌ (၁၀၃၅) ကြိမ်မြောက် သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ သံဃမဟာပဝါရဏာပွဲတော်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မဟာပဝါရဏာပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် သုဓမ္မာဂိုဏ်းဝင် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ သံဃပဝါရဏာပြုပွဲ အခမ်းအနားကို သာသနာ့ထုံးတမ်းစဉ်လာများနှင့်အညီ ကျင်းပခဲ့ကြပါသည်။
ဆက်လက်၍ ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်တော်မူကြကုန်သော သံဃာတော်၊ အရှင်သူမြတ်များအား ပစ္စယဓမ္မများ ပြည့်စုံစေရေးအတွက် စေတနာရှင်၊ အလှူရှင် ပြည်သူများက ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို သဒ္ဓါတရား ထက်သန်စွာဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။








မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။